မြောက်ပိုင်းဟိုက်ကိုင်ဒိုးခရိုင် ဖူကူရှီးမားမြို့တွင် အသက် ၅၀ ကျော်အရွယ် သတင်းစာဖြန့်ချိသူအမျိုးသားတစ်ဦး ဝက်ဝံ၏တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့က ဒေသခံပြည်သူများအား သတိထားရန်နှင့် မလိုအပ်ဘဲ အပြင်သို့မထွက်ရန် တောင်းဆိုထားသည်။ ဖြစ်ပွားရာနေရာသည် ဖူကူရှီးမားမြို့တော်ခန်းမမှ မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာရှိ လူနေရပ်ကွက်ဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် အမဲလိုက်အသင်းဝင်များက စောင့်ကြပ်နေကာ မီးသတ်တပ်ဖွဲ့က ဒရုန်းဖြင့် လေထဲမှနေ၍ အခြေအနေကို စောင့်ကြည့်နေသည်။
NHK News မှကိုးကားယူ၍ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါသည်။
Ref -> https://www3.nhk.or.jp/news/html/20250712/k10014861241000.html